ပုဒ်မ ၁၄
ပုဒ်မ ၁၄
နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်း

ပြည်တွင်း၌နေထိုင်သူများသည် ပြည်ပနိုင်ငံတစ်ခုခုတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်၍ အောက်ပါ ကိစ္စရပ်များ အတွက် အသုံးပြုနိုင်သည်-

(က) ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် သယ်ယူပို့ဆောင်ခြင်း၊ အာမခံထားရှိခြင်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်း၊ အလုပ်သမားများစေလွှတ်ခြင်းနှင့် ပြည်ပတွင် ဆောက် လုပ်ရေးစီမံကိန်းများ ကန်ထရိုက်ယူဆောင်ရွက်ခြင်း၊

(ခ) ပြည်ပချေးငွေများအတွက် ကြွေးမြီပေးဆပ်ခြင်း၊

(ဂ) ပြည်ပတွင် ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြည်ပတွင် နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ခြင်း၊

(ဃ) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ဗဟိုဘဏ်ကခွင့်ပြုသည့် အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း။