ပုဒ်မ ၃၂
ပုဒ်မ ၃၂
ပျက်ကွက်ခြင်းအတွက် ပြစ်ဒဏ်

တရားရုံးသည် ပုဒ်မ-၃ဝအရ သမ္မန်စာချအပ်ခံရသူ မည်သူကိုမဆို အတင်းအကြပ် လာရောက် စေနိုင်သည်။ ထို့ပြင် ယင်းကိစ္စအတွက် –

(က)    ထိုသူကို ဖမ်းဆီးရန် ဝရမ်းထုတ်နိုင်သည်၊

( ခ )   ထိုသူပိုင်ပစ္စည်းကို ဝရမ်းကပ်ရောင်းချနိုင်သည်၊

( ဂ )   ထိုသူအပေါ် ငွေကျပ်ငါးထောင်ထက်မပိုသော ဒဏ်ငွေချမှတ်နိုင်သည်၊

(ဃ)    တရားရုံးသို့ လာရောက်ရေးအတွက် အာမခံတင်သွင်းရမည်ဟု ထိုသူအပေါ် အမိန့် ချမှတ်နိုင်သည်။ ပျက်ကွက်ပါက တရားမအကျဉ်းထောင်သို့ ပို့အပ် ချထားနိုင်သည်။