ပုဒ်မ ၁၁၆
ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း
ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်နှင့် ညှိနှိုင်းရန် ကိစ္စပေါ်ပေါက်လျှင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်သောပူးပေါင်း ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ယင်းကော်မတီတွင် ပါဝင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ပူးပေါင်း ကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည့် အချိန်အထိ ဖြစ်သည်။