ပုဒ်မ ၁၅၇
ပုဒ်မ ၁၅၇
ဥပဒေကြမ်းတင်သွင်းခြင်း

(က) ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေအရပြုသည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံးကျင်းပသော အမျိုးသား လွှတ်တော်ပုံမှန် အစည်းအဝေးကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့်အစီအစဉ်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရမည်၊

(ခ) နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းဖြန့်ဝေ တင်ပြသောနေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော် တွင် အဆိုတင်သွင်းနိုင်သည်၊

(ဂ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ရာတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။



ကျင့်ထုံး