(၁) နိုင်ငံတော်သမ္မတက ထိုကဲ့သို့ညွှန်ကြားလျှင် ပုဒ်မ ၁၅၇ ၁၅၇ အရ တရားသူကြီး တစ်ဦး ထံသို့ တင်ပို့သောအစီရင်ခံစာတိုင်းကို ထိုကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ သို့မဟုတ် အထူးအမိန့်ဖြင့် ခန့်အပ်သော အထက်ရဲအရာရှိ မှတစ်ဆင့် တင်ပြရမည်။
(၂) အဆိုပါ အထက်ရဲအရာရှိသည် မိမိသင့်သည် ထင်မြင်သည့်အတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းမှူးအား ညွှန်ကြားချက်များ ပေးနိုင်သည်။ ၎င်းအပြင် အဆိုပါ အစီရင်ခံစာ အပေါ် တွင် ညွှန်ကြားချက်များ ရေးမှတ်ပြီး နောက်အဆိုပါ အစီရင်ခံစာကို တရားသူကြီးထံ နှောင့်နေ၊ ကြန့်ကြာခြင်း မရှိဘဲ ပေးပို့ရမည်။