ပုဒ်မ ၁၂၈
ပုဒ်မ ၁၂၈
နိုင်ငံရေးအကျဉ်းသားကို သို့မဟုတ် စစ်သုံ့ပန်းကို ပြည်သူ့ဝန်ထမ်းက မိမိအလိုအလျောက် လွတ်ပြေးစေခြင်း

မည်သူမဆို ပြည်သူ့ဝန်ထမ်းဖြစ်သည့်အလျောက် နိုင်ငံရေးအကျဉ်းသားကိုဖြစ်စေ၊ စစ်သုံ့ပန်းကိုဖြစ်စေ ထိန်းသိမ်းထားသည်တွင် ထိုအကျဉ်းသားကို သို့မဟုတ် ထိုစစ်သုံ့ပန်းကို အကျဉ်းထားသည့်နေရာတစ်ခုခုမှ လွတ်ပြေးစေရန် မိမိအလိုအလျောက် ခွင့်ပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။


ကျင့်ထုံး


  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။