(၁) ဆိုခဲ့သည့်ကာလအတွင်း ၎င်းပစ္စည်းကိုပိုင်ဆိုင်ကြောင်း တောင်းဆိုခွင့်ကို ထင်ရှားအောင် ဖော်ပြနိုင်သူမရှိလျှင် ထိုပြင်အဆိုပါပစ္စည်းကို လက်ရှိတွေ့ရှိခြင်းခံရသူကလည်း ဥပဒေနှင့်အညီ ရရှိထားကြောင်း ပြသနိုင်ခြင်းမရှိလျှင် အဆိုပါပစ္စည်းကို နိုင်ငံတော်အစိုးရက စီမံခန့်ခွဲစေရမည်။ ထို့ပြင် ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက အာဏာအပ်နှင်းထားသည့် ပထမတန်း အာဏာရ ရာဇဝတ်တရားသူကြီး၏ အမိန့်ဖြင့် ရောင်းချနိုင်သည်။
(၂) ဤပုဒ်မအရ ချမှတ်ထားသည့် အမိန့်တိုင်းတွင် ယင်းအမိန့်ချမှတ်သည့် တရားရုံး၏ ပြစ်ဒဏ်များကို အယူခံဝင်ရောက်ရာ တရားရုံးသို့ အယူခံခွင့်ရှိစေရမည်။