ပုဒ်မ ၇၅
လွှတ်တော်အသီးသီး၏ အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးများ
လွှတ်တော်အသီးသီး၏ အကြီးအမှူး၊ ဒုတိယအကြီးအမှူးများနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ လွှတ်တော်သက်တမ်းတစ်ခုစီအတွက် လွှတ်တော်ပထမအစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုနိုင်ရန်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ပေးရန် ကျင်းပသော လွှတ်တော်အစည်းအဝေးကို ကြီးမှူးကြီးကြပ်ပေးရမည့် အကြီးအမှူး အားသဘာပတိဟုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို နာယကနှင့် ဒုတိယနာယကဟုလည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲရမည်။
Related Law