အောက်ဖော်ပြပါ အခြေအနေနှင့်အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့်သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ -
(က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
(ခ)ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊
(ဂ) အရေးပေါ်အခြေအနေဖြစ်ပေါ်နေချိန်။