ပုဒ်မ ၃၇၄
ပုဒ်မ ၃၇၄
သေဒဏ် ပြစ်ဒဏ်ကို စက်ရှင်တရားရုံးက တင်ပြရခြင်း

စက်ရှင်တရားရုံးက သေဒဏ်ပြစ်ဒဏ်ချမှတ်သည့်အခါ စစ်ဆေးစီရင်သည့် အမှုတွဲ ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်ပြရမည်။ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ချုပ်က အတည်ပြုခြင်းမရှိဘဲ ၎င်းပြစ်ဒဏ်ကို အကျိုးသက်ရောက်အောင် ဆောင်ရွက်ခြင်းမပြုရ။