ဤဥပဒေပါ ကိစ္စများအလို့ငှာ ခရိုင်တရားမရုံးသည် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ လက်အောက်ခံ ဖြစ်စေရမည့်အပြင် ခရိုင်တရားမရုံးအောက် အဆင့်နိမ့်သော တရားမရုံးအသီးသီးသည်လည်း တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်နှင့် ခရိုင်တရားမရုံးတို့ ၏ လက်အောက်ခံ ဖြစ်စေရမည်။ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် တရားလွှတ်တော်ကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဖြင့် အစားထိုးပြင်ဆင်ထားသည်။)