ပြစ်မှုဆိုင်ရာတရားရုံးက ချမှတ်သည့် စီရင်ချက်၊ သို့မဟုတ် အမိန့်တစ်စုံတစ်ရာကြောင့် ထိခိုက်သူ မည်သူကမဆို တရားသူကြီးက ဂျရီသို့ အမှုနှင့်ပတ်သက်၍ တာဝန်ပေးအပ်ချက်၊ သို့မဟုတ် အမိန့်တစ်စုံတစ်ရာ သို့မဟုတ် အစစ်ခံချက်၊ သို့မဟုတ် အမှုတွဲ၏ အခြားအစိတ်အပိုင်းများ စသည်တို့၏ မိတ္တူကိုအလိုရှိ၍ လျှောက်ထားလာလျှင် ၎င်းအလိုရှိသည့် မိတ္တူကို ထုတ်ပေးရမည်။
သို့ရာတွင် တရားရုံးက အကြောင်းထူးတစ်စုံတစ်ရာကြောင့် အခမဲ့ထုတ်ပေး သင့်သည်ဟု ထင်မြင်ခြင်းမရှိလျှင် ထိုသူသည် ထိုမိတ္တူအတွက် အခပေးရမည်။