ပုဒ်မ ၂၂
ပုဒ်မ ၂၂
တစ်ရုံးထက်ပိုသော တရားရုံးများတွင် တရားစွဲဆိုနိုင်သည့် အမှုများကို ရုံးပြောင်းခွင့်အာဏာ

တရားရုံး နှစ်ရုံး သို့မဟုတ် နှစ်ရုံးထက်ပိုသော တရားရုံးများအနက် တစ်ရုံးရုံးတွင် တရားစွဲဆိုခွင့်ရှိသည့် အမှုတစ်မှုကို ယင်းတရားရုံး တစ်ရုံးရုံးတွင် စွဲဆိုသည့်အခါ၊ တရားပြိုင်တစ်ဦးသည် အခြားအမှုသည်များထံသို့ အကြောင်းကြားစာ (notice) ပေးပြီးနောက် ယင်းအမှုကို အခြားတရားရုံးသို့ လွှဲပြောင်းပေးရန် စောနိုင်သမျှ စောစွာလည်းကောင်း၊ ငြင်းချက်များ ထုတ်သည့် အမှုများတွင် ငြင်းချက်ထုတ်သည့်အခါ သို့မဟုတ် ငြင်းချက်မထုတ်မီလည်းကောင်း လျှောက်ထားနိုင်သည်။ ယင်းသို့ လျှောက်လွှာ (application) ကို လက်ခံရရှိသော တရားရုံးသည် အခြားအမှုသည်များ၏ ကန့်ကွက်ချက် (objections) (ရှိလျှင်) ကို စဉ်းစားပြီးနောက် စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးများအနက် မည်သည့် တရားရုံးက အမှုကို ဆက်လက်စစ်ဆေးစီရင်ရမည်ကို ဆုံးဖြတ်ရမည်။