ပုဒ်မ ၁၄၅
ပုဒ်မ ၁၄၅
အာမခံသူအား ၎င်းတာဝန်ရှိသည့်အတိုင်း ဆောင်ရွက်စေခြင်း

အောက်ပါ ကိစ္စတစ်ရပ်ရပ်အတွက် တစ်ဦးတစ်ယောက်သောသူသည် အာမခံသူအဖြစ် (as surety) တာဝန်ရှိလာပါက –

  • (က)ဒီကရီတစ်ရပ်ရပ်ကိုဖြစ်စေ (performance of any decree)၊သို့မဟုတ်ယင်းဒီကရီ၏တစ်စိတ်တစ်ဒေသကိုဖြစ်စေဆောင်ရွက်အကောင်အထည်ဖော်ရန်၊
  • (ခ)ဒီကရီအတည်ပြုရာတွင်ရယူထားသောပစ္စည်းတစ်ရပ်ရပ်ကိုပိုနေမြဲကျားနေမြဲပြန်လည်ပေးအပ်ရန် (restitution of any property taken in execution)၊သို့မဟုတ်
  • (ဂ)တရားမမှုတစ်မှုတွင်ဖြစ်စေ၊ယင်းအမှု၏အကျိုးဆက်ဖြစ်သောမှုခင်းဆောင်ရွက်ချက်တွင်ဖြစ်စေတရားရုံး၏အမိန့်အရငွေကြေးတစ်စုံတစ်ရာပေးဆပ်ရန်သို့မဟုတ်တစ်ဦးတစ်ယောက်အပေါ်ချမှတ်ထားသည့်စည်းကမ်းချက်တစ်ရပ်ရပ်ကိုလိုက်နာရန်

အဆိုပါ ဒီကရီ သို့မဟုတ် အမိန့်ကို ထိုအာမခံသူအပေါ်တွင် မိမိကိုယ်တိုင် တာဝန်ယူထားသည့် ပမာဏအတိုင်း ဒီကရီအတည်ပြုခြင်းဆိုင်ရာ နည်းလမ်းအတိုင်း အတည်ပြုနိုင်သည်)။ ထို့ပြင် အယူခံဝင်ခြင်းဆိုင်ရာ ကိစ္စရပ်များအလို့ငှာ အဆိုပါ အာမခံသူအား ပုဒ်မ ၄၇ ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမှုသည်တစ်ဦးအဖြစ်  မှတ်ယူရမည်။

ခြွင်းချက် - သို့ရာတွင် ကိစ္စအသီးသီး၌ တရားရုံးက လုံလောက်သည်ဟု ထင်မြင်သည့် အကြောင်းကြားစာကို (sufficient notice) အာမခံသူထံ ကြိုတင် ပေးပို့ပြီး ဖြစ်ရမည်။