(၁) အယူခံမှုကို (appeal) တရားသူကြီး ခုံအဖွဲ့ (Bench) တွင် တရားသူကြီး နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားသူကြီးများက ကြားနာလျှင် အဆိုပါ တရားသူကြီးများ၏ ထင်မြင်ယူဆချက်အတိုင်းဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အနက် အများစု၏ (majority) ထင်မြင်ယူဆချက်အတိုင်းဖြစ်စေ ဆုံးဖြတ်ရမည် ။
(၂) အယူခံဝင်သော ဒီကရီကို (decree) ပြောင်းလဲသည့် (varying) သို့မဟုတ် ပယ်ဖျက်သည့် (reversing) စီရင်ချက်အပေါ် တရားသူကြီး အများစုက သဘောတူညီမှု မရှိလျှင် ယင်းအယူခံဝင်သော ဒီကရီကို အတည်ပြုရမည်
သို့ရာတွင် အယူခံမှုကို ကြားနာသည့် ခုံအဖွဲ့၌ တရားသူကြီးနှစ်ဦးပါဝင်၍ ၎င်းတရားသူကြီး တို့သည် ဥပဒေကြောင်းဆိုင်ရာအချက်တွင် သဘောကွဲလျှင် ယင်းသို့သဘောကွဲ၍ ဥပဒေကြောင်း ဆိုင်ရာအချက်ကို ဖော်ပြပြီးလျှင် ယင်းအချက်နှင့် စပ်လျဉ်း၍သာလျှင် အခြားတရားသူကြီး တစ်ဦးက သော်လည်းကောင်း၊ တစ်ဦးထက်ပိုသော အခြားတရားသူကြီးများကသော်လည်းကောင်း ယင်း အယူခံမှုကို ကြားနာရမည်။ ရှေးဦးစွာ ကြားနာစစ်ဆေးကြသော တရားသူကြီးများလည်း ပါဝင်သည့် တရားသူကြီးများအနက် များရာ(ရှိလျှင်)၏ ထင်မြင်ယူဆချက်အတိုင်း ထိုအချက်ကို ဆုံးဖြတ်ရမည်။
(၃) XXXXX XXXXX XXXXX XXXXX XXXXX