ပုဒ်မ ၃၁၉
ပုဒ်မ ၃၁၉
ဋ။ စက်ရှင်တရားရုံးအတွက် ဂျူရီလူကြီးများစာရင်းနှင့် ထိုတရားရုံးအတွက် ဂျူရီလူကြီးဆင့်ခေါ်ခြင်း ၊ဂျူရီလူကြီးအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိခြင်း။

အောက်တွင် ဖော်ပြပါရှိသည့်အတိုင်းမှ တစ်ပါး အသက်နှစ်ဆယ် တစ်နှစ်မှ ခြောက်ဆယ်နှစ်အတွင်းရှိ အမျိုးသားအားလုံးသည် ၎င်းတို့နေထိုင်ရာ ခရိုင်အတွင်း ဖြစ်စေ၊ နိုင်ငံတော်သမ္မတက ဒေသန္တ ရပတ်ဝန်းကျင်အကြောင်းခြင်းရာကို ထောက်ထား၍ ဤကိစ္စအလို့ငှာ နယ်မြေ၏ တစ်စုံတစ်ရာကို သတ်မှတ်ခဲ့လျှင်၊ ထိုသတ်မှတ်ခဲ့သောနယ်မြေအတွင်းဖြစ်စေ စစ်ဆေး စီရင်သည့် မှုခင်းတစ်စုံတစ်ရာတွင် ဂျူရီလူကြီးများအဖြစ်ဆောင်ရွက်ရန် တာဝန်ရှိစေရမည်။