အများပြည်သူဆိုင်ရာ (public purposes) ကုသိုလ်ရေး သို့မဟုတ် သာသနာရေးသဘောဆန်သော (charitable or religious nature) အတိအလင်းဖော်ပြ၍ဖြစ်စေ (express trust)၊ ဥပဒေအရ သဘောသက်ရောက်စေခြင်းဖြင့်ဖြစ်စေ (constructive trust) ပြုလုပ်ထားသော ယုံမှတ်အပ်နှံမှုကို (trust) ဖောက်ဖျက်ကြောင်း စွပ်စွဲသည့်ကိစ္စတွင်ဖြစ်စေ၊ သို့မဟုတ် အဆိုပါ ယုံမှတ်အပ်နှံမှုတစ်ခုခုကို စီမံခန့်ခွဲရန်အတွက် တရားရုံး၏ ညွှန်ကြားချက် (direction of the Court) လိုအပ်သည်ဟု မှတ်ယူသောကိစ္စတွင်ဖြစ်စေ –
ရှေ့နေချုပ်ကသော်လည်းကောင်း သို့မဟုတ် ယုံမှတ်အပ်နှံမှုတွင် အကျိုးသက်ဆိုင်ခွင့်ရှိပြီး ရှေ့နေချုပ်၏ စာဖြင့်ရေးသားထားသော သဘောတူခွင့်ပြုချက် (consent in writing of the Attorney-General) ရရှိထားသူ ပုဂ္ဂိုလ်နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသူများကသော်လည်းကောင်း –
ယုံမှတ်အပ်နှံမှုနှင့်ဆိုင်သည့် အချင်းဖြစ်ပစ္စည်း (subject-matter of the trust) အားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသ တည်ရှိရာဒေသတွင် မူလစီရင်ပိုင်ခွင့်အာဏာရှိသော ပင်မတရားမရုံးတွင်ဖြစ်စေ (principal civil Court of original jurisdiction)၊ သို့မဟုတ် နိုင်ငံတော်သမ္မတက ထိုကိစ္စအလို့ငှာ အခွင့်အာဏာအပ်နှင်းထားသည့် အခြားတရားရုံးတွင်ဖြစ်စေ (Court empowered in that behalf) အောက်ပါ သက်သာခွင့်တစ်ရပ်ရပ် (reliefs) အတွက် ဒီကရီ (decree) ရရှိရန်အလို့ငှာ တရားမမှုကို ဆိုင်ပြိုင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စွဲဆိုနိုင်သည် (may institute a suit, whether contentious or not) -
(၂) ပုဒ်မခွဲ(၁)တွင် ဖော်ပြပါရှိသော သက်သာခွင့်များအနက် သက်သာခွင့် တစ်ရပ်ရပ်ကို ရရှိရေးအတွက် ယင်းပုဒ်မခွဲတွင် ရည်ညွှန်းသော ယုံမှတ်အပ်နှံသည့်ပစ္စည်းနှင့် စပ်လျဉ်း၍ မည်သည့် အမှုကိုမျှ ထိုပုဒ်မခွဲပါ ပြဌာန်းချက်များနှင့်အညီမှတပါး စွဲဆိုခြင်း မပြုရ။