မည်သည့် အချိန်အခါတွင်မဆို ပုဒ်မ ၁၈၈ တွင် ရည်ညွှန်းထားသော ပြစ်မှုတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးနေသည်။ သို့မဟုတ် စစ်ဆေးစီရင်နေစဉ် နိုင်ငံတော်သမ္မတက မိမိသင့်သည် ထင်မြင် လျှင် အဆိုပါ ပြစ်မှုကျူးလွန် ခဲ့သည်ဟု အဆိုရှိသောနယ်မြေတွင် သို့မဟုတ် နယ်မြေ အတွက်ဆိုင်ရာ တရားရေး ဝန်ထမ်းတစ်ဦး၏ ရှေ့မှောက်တွင် ပြုလုပ်ခဲ့သော ထွက်ဆိုချက်များ သို့မဟုတ် ၎င်း ရှေ့မှောက်တွင် တင်ပြခဲ့သော သက်သေခံ ပစ္စည်းများကို အဆိုပါ စုံစမ်းစစ်ဆေးမှု သို့မဟုတ် စစ်ဆေး စီရင်မှုပြုလုပ်ခဲ့သော တရားရုံးကဆိုခဲ့သည့် ထွက်ဆိုချက်များ သို့မဟုတ် သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ သက်သေခံချက် ရယူရန် အလို့ငှာ ကော်မရှင် ထုတ်နိုင်သည့်မည်သည့် အမှု၌မဆို သက်သေခံချက်အဖြစ် လက်ခံရန် ညွှန်ကြားနိုင်သည်။