ခရိုင်ရာဇဝတ်တရားသူကြီးတစ်ဦးမဟုတ်သော အခြားမည်သည့် ရာဇဝတ်တရား သူကြီးကမဆို ပုဒ်မ ၅၁၄ အရ ချမှတ်သောအမိန့်အားလုံးကို ခရိုင်ရာဇဝတ်တရားသူကြီးထံသို့ အယူခံဝင်ခွင့်ရှိစေရမည်၊ သို့မဟုတ် ထိုကဲ့သို့ အယူခံခြင်းမရှိလျှင် ခရိုင်ရာဇဝတ်တရားသူကြီးက ပြင်ဆင်မှ ဖွင့်နိုင်သည်။