ပုဒ်မ ၁၈
ပုဒ်မ ၁၈
နိုင်ငံတော်အခြေခံမူများ
(က) နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်၊ (ခ) ပြည်ထောင်စုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်၊ (ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များထုတ်ပိုင်ခွင့်အာဏာများရှိသည်၊ (ဃ) တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော် တစ်ရပ်စီလည်းကောင်း၊ ပြည်နယ်တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်။
ပြစ်ဒဏ်
-