ပုဒ်မ ၄၈၈
ပုဒ်မ ၄၈၈
ဇနီးများနှင့် သားသမီးများအား စရိတ်ထောက်ပံ့ရန်အမိန့်

(၁) မည်သူမဆို လုံလောက်သော ဥစ္စာအင်အားရှိလျက်နှင့် မိမိ၏ဇနီးကိုဖြစ်စေ၊ ကိုယ်တိုင် ရှာဖွေစားသောက်နိုင်ခြင်း မပြုနိုင်သည့် တရားဝင်၊ သို့မဟုတ် တရားမဝင် သားသမီးကိုဖြစ်စေ ထောက်ပံ့ခြင်းမပြဘဲ ပေါ့လျော့နေလျှင်၊ သို့မဟုတ် ထောက်ပံ့ရန်ငြင်းပယ်လျှင် ခရိုင်ရာဇဝတ် တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ပထမတန်း အာဏာရ ရာဇဝတ်တရားသူကြီးတစ်ဦးဦးသည် ထိုကဲ့သို့ ပေါ့လျော့မှု၊ သို့မဟုတ် ငြင်းပယ်မှ အတွက် ခိုင်လုံသော အထောက်အထားရရှိသောအခါ အဆိုပါပျက်ကွက်သူသည် သူ၏ ဇနီး၊ သို့မဟုတ် သားသမီးကို တစ်လလျှင် မိမိ သင့်သည် ထင်မြင်သည့်အတိုင်း ကျပ်ငါးသောင်း ထက် မပိုသော လစဉ် ထောက်ပံ့ကြေးပေးရန် နှင့် ရာဇဝတ်တရားသူကြီးက အခါအားလျော်စွာ ညွှန်ကြားသည့် အတိုင်း အဆိုပါသူသို့ပေးရန် အမိန့်ချမှတ်နိုင်သည်။

(၂) အဆိုပါထောက်ပံ့ကြေးကို အမိန့်ချမှတ်သည့်နေ့မှစတင်၍ဖြစ်စေ၊ အမိန့်တွင် ထောက်ပံ့ကြေး လျှောက်လွှာတင်သည့်နေ့မှ စတင်မဲပေးရန်ပါရှိလျှင် ထိုအတိုင်းဖြစ်စေ ပေးစေရမည်။

အမိန့်ကို အကျိုးသက်ရောက်အောင် ဆောင်ရွက်ခြင်း။

(၃) ယင်းကဲ့သို့ အမိန့်ချမှတ်ခြင်းခံရသူ မည်သူမဆို အမိန့်ကို လိုက်နာရန် လုံလောက်သောအကြောင်းမရှိဘဲ ပျက်ကွက်ပါက ယင်းသို့အမိန့်ကို ဖောက်ဖျက်သည့်အခါ တိုင်းအတွက် ကျသင့်သော ငွေကြေးကို ကောက်ခံရန် အထက်ကငွေဒဏ်များ ကောက်ခံရန်အတွက် ပြဋ္ဌာန်းထားသောနည်းလမ်းအတိုင်း ဝရမ်းထုတ်နိုင်သည်။ ထို့ပြင် ဝရမ်းအတည်ပြုပြီးနောက် ပေးသွင်းရန်ကျန်ရှိနေသည့် လစဉ်ထောက်ပံ့ကြေးအားလုံးအတွက်ဖြစ်စေ၊ အချို့အဝက် အတွက်ဖြစ်စေ ထိုသူကို တစ်လအထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်လမတိုင်မီပေးလျှင် ထိုသို့ မပေးဘဲနေသည့်အချိန်ကာလအထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

သို့ရာတွင် မိမိ၏ဇနီးသည် မိမိနှင့်အတူနေရန် စည်းကမ်းချက်ဖြင့် ကမ်းလှမ်းပါ လျက်နှင့် ဇနီးဖြစ်သူက ၎င်းနှင့်အတူနေရန် ငြင်းပယ်လျှင် အဆိုပါ ရာဇဝတ်တရားသူကြီးသည် ထိုဇနီးက အတူမနေလိုကြောင်း ငြင်းပယ်ရသည့် အကြောင်းပြချက်များကို စဉ်းစား၍ ခင်ပွန်း ဖြစ်သူက အဆိုပါကမ်းလှမ်းချက်ကို ပြုလုပ်သည့်တိုင်အောင် ဇနီးဖြစ်သူမှာ အတူမနေနိုင်ခြင်း အတွက် တရားလမ်းမှန်ကျသော အကြောင်းပြချက်ရှိသည်ဟု ကျေနပ်ပါက ဤပုဒ်မအရ အမိန့် ချမှတ်နိုင်သည်။

ထို့ပြင်လည်း ဤပုဒ်မအရ ရသင့်သည့်ငွေကို ကောက်ခံပေးရန်၊ ငွေပေးရန် အချိန်ကာလ ရောက်သည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာတရားရုံးတွင် လျှောက်ထားခြင်း မပြုပါက ယင်းငွေတောင်းခံရန်အတွက်ဝရမ်းစာမထုတ်ရ။

(၄) ဤပုဒ်မအရ ခင်ပွန်းဖြစ်သူထံမှ ထောက်ပံ့ကြေးရထိုက်သော မည်သည့် ဇနီးမဆို အခြားယောက်ျားတစ်ဦးနှင့် ဖောက်ပြန်နေလျှင်၊ သို့မဟုတ် လုံလောက်သောအကြောင်း တစ်စုံတစ်ရာ မရှိဘဲ သူမ၏ခင်ပွန်းဖြစ်သူနှင့် အတူနေထိုင်ရန် ငြင်းပယ်လျှင်၊ သို့မဟုတ် ၎င်းတို့သည် နှစ်ဦးသဘောတူညီချက်အရ တကွဲတပြား နေထိုင်ကြလျှင် ထောက်ပံ့ကြေး ရထိုက်ခွင့်မရှိစေရ။

(၅) ဤပုဒ်မအရ ရရန် အမိန့်တစ်ရပ်ချမှတ်ထားသော မည်သည့်ဇနီးမဆိုအခြား ယောက်ျားတစ်ဦးနှင့်ဖောက်ပြန်နေကြောင်း၊ သို့မဟုတ် လုံလောက်သောအကြောင်းမရှိဘဲ သူမ၏ ခင်ပွန်းနှင့်အတူနေထိုင်ရန် ငြင်းပယ်ကြောင်း၊ သို့မဟုတ် သူတို့သည် နှစ်ဦးသဘောတူညီချက်အရ တကွဲတပြားနေထိုင်ကြကြောင်း သက်သေခံအထောက်အထား ပေါ်ပေါက်လျှင် ရာဇဝတ်တရား သူကြီးသည် အမိန့်ကို ပယ်ဖျက်ရမည်။

(၆) ဤအခန်းအရ သက် သေခံချက် အား လုံး ကို သက်ဆိုင်ရာ ခင်ပွန်း၊ သို့မဟုတ် ဖခင်၏ရှေ့မှောက်တွင်၊ သို့မဟုတ် ထိုသူ၏ လာရောက်ခြင်းကို ခွင့်လွှတ်ထားပါက ၎င်း၏ရှေ့နေရှေ့မှောက်တွင် ရယူရမည်။ ၎င်းပြင် အဆိုပါ သက်သေခံချက်ကို သမ္မန်မှုများ အတွက် သတ်မှတ်ထားသော နည်းလမ်းအတိုင်း ရေးမှတ်ရမည်။

သို့ရာတွင် ထိုသူသည် သမ္မန်စာကို လက်မခံရအောင် တပင် ရှောင်တိမ်းနေ ကြောင်း၊ သို့မဟုတ် တရားရုံးသို့လာရောက်ရန် တမင်ပေါ့လျော့ကြောင်း ရာဇဝတ်တရားသူကြီး သည် ကျေနပ်လက်ခံလျှင် ထိုရာဇဝတ်တရားသူကြီးသည် အမှုကို တစ်ဖက်သတ်ကြားနာဆုံးဖြတ် နိုင်သည်။ ထိုအမိန့်ချမှတ်သည့်နေ့ရက် မှ သုံးလအတွင်း လျှောက်ထားရန် ခိုင်လုံသော အကြောင်းပြချက် တင်ပြနိုင်ပါက ချမှတ်သော မည်သည့်အမိန့်ကိုမဆို ပယ်ဖျက်ပေးနိုင်သည်။

(၇) ဤပုဒ်မအရ လျှောက်လွှာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာ၌ တရားရုံးသည် တရားမျှတသည့် တရားစရိတ်များကို ပေးစေရန် အမိန့်ချမှတ်နိုင်သည့် အာဏာရှိစေရမည်။

(၈) မည်သူကိုမဆို ၎င်းနေထိုင်ရာ၊ သို့မဟုတ် ၎င်းသည်ဇနီးနှင့်အတူနောက်ဆုံး နေထိုင်ရာ၊ သို့မဟုတ် သက်ဆိုင်ရာ တရားမဝင်သော သားသမီး၏ မိခင်နှင့်အတူ နောက်ဆုံးနေထိုင်ခဲ့ရာ ခရိုင်အတွင်း၌ ဤပုဒ်မအရ မှုခင်းကိစ္စများကို အရေးယူ ဆောင်ရွက်နိုင်သည်၊