(၁) မည်သည့်တရားသူကြီး သို့မဟုတ် ရာဇဝတ်တရားသူကြီး သို့မဟုတ် အခြား တရားရေး ဝန်ထမ်းမျှ ၎င်း၏တရားရုံးသို့ သွားစဉ်ဖြစ်စေ၊ ရုံးထိုင်နေစဉ်တွင်ဖြစ်စေ၊ ရုံးမှအပြန်အတွင်းဖြစ်စေ တရားမ အမိန့်ဆင့်စာအရ ဖမ်းဆီးခြင်း မခံထိုက်စေရ။
(၂) အကြောင်းအရာတစ်ခုမှာ စီရင်ပိုင်ခွင့်အာဏာရှိသော သို့မဟုတ် အဆိုပါ စီရင်ပိုင်ခွင့် အာဏာရှိသည်ဟု သဘောရိုးဖြင့် ယုံကြည်သော ခုံရုံးတစ်ခုရှေ့တွင် မပြီးမပြတ်ရှိနေသော အခါ သက်ဆိုင်ရာ အမှုသည်များ၊ ယင်းတို့၏ ရှေ့နေများနှင့် အခွင့်အရကိုယ်စားလည်များနှင့် သမ္မန်စာကို လိုက်နာဆောင်ရွက်လျက်ရှိသည့် သက်သေများသည် ထိုကိစ္စအလို့ငှာ အဆိုပါ ခုံရုံးသို့သွားစဉ် သို့မဟုတ် ရုံးတက်စဉ်နှင့် အဆိုပါ ခုံရုံးမှအပြန်တွင် တရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် ထိုခုံရုံးမှ ထုတ်သော အမိန့် ဆင့်စာမှတပါး အခြားတရားမ အမိန့်ဆင့်စာအရ ဖမ်းဆီးခြင်းမှ ကင်းလွတ်စေ ရမည်။
(၃) တရားရှုံးတစ်ဦးသည် (judgment-debtor) လတ်တလော အတည်ပြုရန် ချမှတ်သောအမိန့်အရ (order for immediate execution) ဖမ်းဆီးခြင်းခံရခြင်းမှဖြစ်စေ၊ သို့မဟုတ် ဒီကရီတစ်ရပ် အတည်ပြုရာတွင် တရားမအကျဉ်းထောင်သို့ (civil prison) မပို့သင့်ကြောင်း အကြောင်းပြထုချေရန် တရားရုံးသို့ လာရောက်စဉ် ဖမ်းဆီးခြင်း ခံရခြင်းမှဖြစ်စေ ကင်းလွတ်ခွင့် ရရှိရန် ပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်ကြောင့် တောင်းဆိုပိုင်ခွင့် မရှိစေရ