ပုဒ်မ ၄၉၆
ပုဒ်မ ၄၉၆
မည်သို့သော အမှုများတွင် အာမခံယူရခြင်း

အာမခံမပေးနိုင်သော ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသူမှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမဆို ဝရမ်းမပါဘဲ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးကဖြစ်စေ၊ ရဲကြပ်ကြီးရာထူးထက် မနိမ့်သော စုံစမ်းထောက်လှမ်းသူ အရာရှိတစ်ဦးကဖြစ်စေ ဖမ်းဆီးခြင်း၊ သို့မဟုတ် ချုပ်နှောင်ထိန်းသိမ်းခြင်း ပြုသောအခါ၊ သို့မဟုတ် ထိုသူသည် တရားရုံးတစ်ရုံးရှေ့သို့ ရောက်ရှိခြင်း၊ သို့မဟုတ် ခေါ်ဆောင်လာခြင်းခံရသောအခါ၊ ထို့အပြင် အဆိုပါ ရဲအရာရှိ၏ ထိန်းသိမ်းမှု အောက်တွင်ရှိစဉ် မည်သည့်အချိန်အခါမဆို၊ သို့မဟုတ် အဆိုပါ တရားရုံးရှေ့တွင် ဆောင်ရွက်သည့် မှုခင်းကိစ္စ၏ မည်သည့်အဆင့်၌မဆို အာမခံပေးရန် အသင့်ဖြစ်လျှင် ထိုသူကို အာမခံဖြင့် လွှတ်ထားရမည်။ သို့ရာတွင် အဆိုပါ အရာရှိ၊ သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင်လျှင် ထိုသူထံမှ အာမခံယူမည့်အစား အောက်တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ထိုသူရောက်ရှိရန်အတွက် အာမခံသူများမပါဘဲ ခံဝန်ချုပ်ချုပ်ဆိုစေလျက် ထိုသူအား လွှတ်ထားနိုင် သည်။

ထို့ပြင် ဤပုဒ်မပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ ပုဒ်မ ၁၀၇၊ ပုဒ်မခွဲ(၄)၊ သို့မဟုတ် ပုဒ်မ ၁၁၇၊ ပုဒ်မခွဲ (၃)ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်စေသည်ဟု မမှတ်ယူရ။