ပုဒ်မ ၁၃၄
ပုဒ်မ ၁၃၄
လက်ရောက်မှုကျူးလွန်ပါက ယင်းလက်ရောက်မှုကို အားပေးကူညီခြင်း

မည်သူမဆို တပ်မတော်တွင် အမှုထမ်းဆောင်သော တပ်မတော်သားတစ်ဦးဦးက (* * *) တာဝန် ဝတ္တရားထမ်းဆောင်နေသော အထက်အရာရှိကို လက်ရောက်မှု ကျူးလွန်ရန် အားပေးကူညီသည်တွင် ထိုသို့အားပေးကူညီခြင်းကြောင့် လက်ရောက်မှု ကျူးလွန်လျှင် ထိုအားပေးကူညီသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။