(၁) တရားရုံးအရာရှိသည် ရုံးထိုင်ခြင်းများအတွက် သတ်မှတ်သည့်ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက် ကြိုတင်၍ အဆိုပါ ရုံးထိုင်ခြင်းများအတွက် ဂျူရီဖြင့် စစ်ဆေးစီရင်ရာတွင် လိုအပ်သည်ဟု ထင်မြင်သော အရေအတွက်ကို ပြင်ဆင်ထားသည့်အတိုင်း၊ သို့မဟုတ် အထူးစာရင်းတွင် ဖော်ပြထားသည့်အမည်များထဲမှ သမ္မန်စာဖြင့် ဆင့်ခေါ်ရမည်။ ထိုသို့ သမ္မန်စာဖြင့် ဆင့်ခေါ်ရမည့် အရေအတွက်သည် အဆိုပါစစ်ဆေးမှုတွင် လိုအပ်သည့် အရေအတွက်၏ နှစ်ဆအောက် မလျော့စေရ၊
(၂) ခြောက်လအတွင်း ဆောင်ရွက်ဖူးသူတို့ကို နှုတ်ပယ်ပြီးလျှင် ဆင့်ခေါ်ခြင်း ခံရမည့်သူတို့ အမည်များကို ရုံးရှေ့တွင် မဲနှင့် ရွေးချယ်ရမည်။ ၎င်းခြောက်လအတွင်း ဆောင်ရွက်ဖူးသူတို့၏ အမည်မပါဘဲ လူဦးရေမပြည့်စုံလျှင် ၎င်းတို့ကို မနှုတ်ပယ်ရ။ ဆိုခဲ့သည့်အတိုင်း မဲနှင့်ရွေးချယ်ရသူတို့ အမည်များကို ဆိုခဲ့သည့်သမ္မန်စာတွင် သီးခြားဖော်ပြရမည်။
(၃) (၄) x x x x x x x x x