ဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော အရင်းငွေ၊ အတိုးငွေ၊ အမြတ်ခွဲ ဝေမှုများနှင့် အခြား ရငွေများကို ပြည်ပသို့ ပြန်လည်လွှဲပြောင်းပေးပို့ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားသော ရန်ပုံငွေများကို ပြည်တွင်းသို့ အမှန်တကယ် ယူဆောင်လာ ခြင်းရှိ မရှိ စိစစ်သုံးသပ်ရမည်။