ပုဒ်မ ၃၉
ပုဒ်မ ၃၉
မိမိအလိုအလျောက်ပြုခြင်း

သူတစ်ဦးသည် အကျိုးသက်ရောက်စေရန် ကြံရွယ်၍ပြုလျှင် သို့မဟုတ် ထိုသို့ပြုစဉ် အကျိုး သက်ရောက်မည်ကို သိလျက်နှင့်ဖြစ်စေ၊ အကျိုးသက်ရောက်တန်ရာသည်ကို ယုံကြည်ရန် အကြောင်း ရှိလျက်နှင့်ဖြစ်စေပြုလျှင် ထိုသူသည် မိမိအလိုအလျောက် ပြုသည်မည်၏။

ဥပမာ

A သည် လုယက်မှုကျူးလွန်ရာ၌ လွယ်ကူစေရန်အလို့ငှာ မြို့ကြီးတစ်မြို့တွင် လူနေအိမ်တစ်ဆောင်ကို မီးရှို့ရာ သူတစ်ဦးသေဆုံး၏။ ဤတွင် A သည် မည်သူ့ကိုမျှသေစေရန် ကြံရွယ်ခြင်းမရှိသည်သာမက ယင်း၏ပြုလုပ်မှုကြောင့် သေဆုံးရသည်ကို ဝမ်းနည်းခြင်း ဖြစ်နိုင်သော်ငြားလည်းပြုစဉ်က ထိုသို့ သေစေတန်ရာသည်ကိုသိလျှင် A သည် သေစေခြင်းကို မိမိအလိုအလျောက်ပြုသည်မည်၏။



ကျင့်ထုံး