ပုဒ်မ ၁၂၈
ပုဒ်မ ၁၂၈
နည်းဥပဒေများတွင် ပြဌာန်းနိုင်သည့် အကြောင်းအရာများ

(၁) အဆိုပါ နည်းဥပဒေများသည် (such rules) ဤကျင့်ထုံးဥပဒေ၏ ပင်ရင်းပြဋ္ဌာန်းချက်များနှင့် (provisions in the body of this Code) မဆန့်ကျင်ဘဲ ညီညွတ်ရမည်။ သို့ရာတွင် ယင်းပြဋ္ဌာန်းချက်များကို အခြေခံ၍ တရားမတရားရုံးများ၏ လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို (matters relating to the procedure of civil Courts) အဆိုပါ နည်းဥပဒေများတွင် ပြဋ္ဌာန်းနိုင်ပါသည်။

(၂) ပုဒ်မခွဲ (၁) အရ အပ်နှင်းထားသည့် အာဏာများ၏ ယေဘုယျသဘောကို (generality of powers) မထိခိုက်စေဘဲ၊ အထူးသဖြင့် အဆိုပါ နည်းဥပဒေများတွင် အောက်ပါ အကြောင်းအရာ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပြဋ္ဌာန်းနိုင်ပါသည်။ ၎င်းတို့မှာ

(က)     သမ္မန်စာများ (summonses)၊ အကြောင်းကြားစာများနှင့် (notices) အခြား အမိန့်ဆင့်စာများကို (other processes) ယေဘုယျအားဖြင့်ဖြစ်စေ၊ သီးခြားနယ်မြေတစ်ခုခုတွင်ဖြစ်စေ စာတိုက်မှသော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း ပေးပို့ချအပ်ခြင်း (service of processes) နှင့် ယင်းသို့ ချအပ်ကြောင်း သက်သေထင်ရှားပြခြင်း (proof of service)၊၊ 

( ခ )     ဝရမ်းကပ်ထားစဉ်အတွင်း (under attachment) သက်ရှိတိရစ္ဆာန်များနှင့် (live-stock) အခြား ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို (moveable property) ထိန်းသိမ်းစောင့်ရှောက်ခြင်း (maintenance and custody)၊ ယင်းအတွက် ပေးရမည့် အခကြေးငွေများ (fees)၊ ယင်းပစ္စည်းများကို ရောင်းချခြင်းနှင့် ရောင်းရငွေများ (proceeds of sale)၊

( ဂ )    တန်ပြန်တောင်းဆိုသည့် တရားမမှုများအတွက် (suits by way of counterclaim) လုပ်ထုံးလုပ်နည်းနှင့် စီရင်ပိုင်ခွင့်အာဏာ ကိစ္စများအတွက် (purposes of jurisdiction) ယင်းအမှုများကို တန်ဖိုးသတ်မှတ်ခြင်း (valuation of suits)၊ 

(ဃ)     ကြွေးမြီများကို (debts) ဝရမ်းကပ်ရောင်းချခြင်းအပြင် (attachment and sale) သီးခြားဖြစ်စေ၊ ယင်းသို့ ရောင်းချမည့်အစားဖြစ်စေ မြီစား၏ ကြွေးမြီအား ကြွေးမြီပေးရမည့်သူထံမှ တားဆီးမိန့် (garnishee order) နှင့် ရပိုင်ခွင့် တင်ရှိစေသည့် အမိန့်များဆိုင်ရာ (charging orders) လုပ်ထုံးလုပ်နည်း၊

( င )     တရားမမှုတွင် အမှုသည်ဖြစ်စေ၊ မဖြစ်စေ တစ်ဦးတစ်ယောက်ထံမှ မျှခံထိုက်သည့်ငွေ (contribution) သို့မဟုတ် လျော်ကြေးငွေ (indemnity) ရထိုက်ကြောင်း တရားပြိုင်က တောင်းဆိုသည့်အခါ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း 

( စ )     အောက်ပါတရားမမှုများကို အကျဉ်းနည်းစစ်ဆေး(summary procedure)ရန် လုပ်ထုံးလုပ်နည်း – 

(၁)   အတိအလင်းဖြစ်စေ သဘောသက်ရောက်စေဖြစ်စေ ချုပ်ဆိုသော ပဋိညာဉ်အရလည်းကောင်း (express or implied contract)၊ ပုံသေသတ်မှတ်ထားသော ငွေ သို့မဟုတ် ဒဏ်ကြေးမဟုတ်သည့် ကြွေးမြီသဘောအရ ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း (enactment)၊ အာမခံချက်အရလည်းကောင်း (guarantee)၊ ယုံမှတ်အပ်နှံမှုအရလည်းကောင်း (trust) တရားပြိုင်က ပေးရန်ရှိသည့် အတိုးပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကြွေးမြီ (debt) သို့မဟုတ် စာရင်းရှင်းပြီး ငွေကြေးများကို (liquidated demand) ရလိုကြောင်း တရားလိုက စွဲဆိုသည့် တရားမမှုများ၊

သို့မဟုတ်

(၂)   မြေငှားတစ်ဦးအပေါ် အငှားချထားသည့်ကာလ ကုန်ဆုံး၍ဖြစ်စေ၊ မြေမှထွက်သွားရန် အကြောင်းကြားစာဖြင့် ယင်းကာလကို နည်းလမ်း တကျ ရပ်စဲခဲ့ပြီးဖြစ်၍၊ ငှားရမ်းခမပေးခြင်းကြောင့် ငှားရမ်းမှု ဆုံးရှုံးထိုက်၍ဖြစ်စေ၊ အဆိုပါ မြေငှား သို့မဟုတ် ၎င်းကို အမှီပြု၍ တောင်းပိုင်သူများအပေါ် မြေရှင်က ငှားရမ်းခငွေ သို့မဟုတ် ကြား ကာလအမြတ် ရလိုသည်ဖြစ်စေ၊ မရလိုသည့်ဖြစ်စေ မရွှေ့မပြောင်း နိုင်သောပစ္စည်းကို ပြန်လည်ရရှိရန် စွဲဆိုသည့် တရားမမှုများ၊

(ဆ)    စာချွန်တော် သမ္မန်စာဖြင့် အမှုစတင်စွဲဆိုခြင်း (originating summons) ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ 

( ဇ )   တရားမမှုများ၊ အယူခံမှုများနှင့် အခြားအမှုများကို ပေါင်းစည်းခြင်း၊

( ဈ )   တရားရုံး၏ မော်ကွန်းထိန်း (Registrar) သို့မဟုတ် ကွပ်ကဲသူအရာရှိ (Master) သို့မဟုတ် အခြားအရာရှိထံ တရားစီရင်ရေးဆိုင်ရာ (judicial)၊ တရားစီရင်ရေး သက်ဝင်သော (quasi-judicial) နှင့် တရားစီရင်ရေးမဟုတ်သော (non-judicial) တာဝန်များကို လွှဲအပ်ခြင်း (delegation of duties)၊

ထို့ပြင်

(ည)    တရားမတရားရုံးများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော သို့မဟုတ် ရှိသင့်သော ပုံစံများ (forms)၊ မှတ်ပုံတင်စာအုပ်များ (registers)၊ စာရင်းစာအုပ်များ (books)၊ ရေးသွင်းချက်များနှင့် ငွေစာရင်းများ (entries and accounts)