ပုဒ်မ ၂၉
ပုဒ်မ ၂၉
အခြားဥပဒေများအရ ပြစ်မှုများ

(၁) ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အခြားဥပဒေတစ်ရပ်ရပ်တွင် ပြစ်မှု တစ်စုံတစ်ရာကို စစ်ဆေးစီရင်ရန် တရားရုံးတစ်ခုခုကိုဖော်ပြထားလျှင် ထို ဖော်ပြထားသည့် တရားရုံးက စစ်ဆေးစီရင်ရမည်။

(၂) ဆိုခဲ့သည့်အတိုင်း တရားရုံးတစ်ခုခုကို ဖော်ပြမထားလျှင် ၎င်းပြစ်မှုကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကဖြစ်စေ၊ အထက် ဖော်ပြချက် ကို အထောက်အထားပြု၍ ဤဥပဒေအရ ပြစ်မှုကိုစီရင်နိုင်ကြောင်း ဒုတိယဇယား စာတိုင် (၈) တွင် ဖော်ပြပါရှိသည့် တရားရုံးကဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ (ရာဇဝတ် ကျင့်ထုံး ဥပဒေကို ပြင်ဆင် သည့် ဥပဒေ အမှတ် ၁၆ /၂၀၁၆)