ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ဤကိစ္စ အ နိုင်ငံတော်သမ္မတက အထူးအာဏာအပ်နှင်းခြင်းခံရသော ပထမတန်း အာဏာရ တရားသူကြီးသည် မိမိအ စီရင်ပိုင်ခွင့်အာဏာ နယ်မြေအတွင်းရှိ တစ်စုံတစ်ယောက်သောသူမှာ -
(က) အမြဲလုယက်တတ်သူ၊ အိမ်ဖောက်ထွင်းတတ်သူ၊ ခိုးတတ်သူ၊ လိမ်လည်အတု ပြုတတ်သူ သို့မဟုတ်
(ခ) ခိုးရာပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် ယင်းပစ္စည်းမျိုးကို အမြဲလက်ခံတတ်သူ သို့မဟုတ်
(ဂ) သူခိုးများကို အကာအကွယ်ပေးတတ်သူ သို့မဟုတ် လက်ခံတတ်သူ သို့မဟုတ် ခိုးရာပါ ပစ္စည်း ကွယ်ဝှက်ပေးခြင်း သို့မဟုတ် ထုခွဲပေးခြင်းဖြင့် အမြဲကူညီတတ်သူ သို့မဟုတ်
(ဃ) လူခိုးမှု၊ သွေးဆောင်ဆွဲခေါ်မှု၊ ခြောက်လှန့်တောင်းယူမှု၊ လိမ်လည်မှု သို့မဟုတ် အကျိုးဖျက်ဆီးမှု သို့မဟုတ် ရာဇသတ်ကြီး အခန်း ၁၂ အရ ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှု တစ်စုံတစ်ရာ သို့မဟုတ် ထိုရာဇသတ်ကြီးပုဒ်မ ၄၈၉-က၊ ပုဒ်မ ၄၈၉-ခ၊ ပုဒ်မ ၄၈၉-ဂ သို့မဟုတ် ပုဒ်မ ၄၈၉-ဃ တို့အား အမြဲကျူးလွန်တတ်သူ၊ သို့မဟုတ် ကျူးလွန်ရန် အမြဲ အားထုတ်တတ်သူ သို့မဟုတ် ကျူးလွန်ရာတွင် အမြဲအားပေး ကူညီသူ သို့မဟုတ်
(င) ငြိမ်ဝပ်ရေးပျက်ပြားမှုနှင့် အကျုံးဝင်သော ပြစ်မှုများကို အမြဲကျူးလွန်တတ်သူ သို့မဟုတ် ကျူးလွန်ရန် အမြဲအားထုတ်တတ်သူ သို့မဟုတ် ကျူးလွန်ရာတွင် အမြဲအားပေးကူညီ တတ်သူ သို့မဟုတ်
(စ) အာမခံနှင့်မထားဘဲ လွှတ်ထားလျှင် အများပြည်သူအား ဘေးဖြစ်လောက်အောင် လွန်စွာ ဆိုးသွမ်းရမ်းကားမည်ဟု စိုးရိမ်ရသူဖြစ်ကြောင်း သတင်းရရှိသည့်အခါ အဆိုပါ တရား သူကြီးက မိမိသင့်သည်ထင်မြင်သည့် ကာလအပိုင်းအခြားအတွင်း ကောင်းမွန်စွာ ကျင့်ကြံ နေထိုင်ရန် အာမခံသူများဖြင့် ခံဝန်ချုပ်ဆိုစေရန် မည်သည့် အကြောင်းကြောင့် ထိုသူအပေါ် အမိန့် မထုတ်သင့်ကြောင်း အကြောင်းပြထုချေစေရန် အောက်တွင် ပါရှိသည့် နားဖြင့် တောင်းဆိုနိုင်သည်။