(၁) အယူခံမှု မဟုတ်သော အခြား တရားမမှု သို့မဟုတ် မှုခင်းတစ်ရပ်ရပ်တွင် အမှုသည် တစ်ဦးဦးက မိမိအပေါ် စွဲဆိုသည့် သို့မဟုတ် ခုခံချေပသည့် စွဲဆိုချက် သို့မဟုတ် ခုခံချက် သို့မဟုတ် တောင်းဆိုချက် အစိတ်အပိုင်းတစ်ခုခုသည် မဟုတ်မမှန်ကြောင်း (false) သို့မဟုတ် အနှောင့်အယှက် ဖြစ်စေကြောင်း (vexatious) တင်ပြသူက သိလျက်နှင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ကန့်ကွက်လာပါကလည်းကောင်း၊ ယင်းကန့်ကွက်ချက် တင်သွင်းခံရသူ၏ စွဲဆိုချက် သို့မဟုတ် ခုခံချက်ကို ခွင့်မပြုဘဲ စွန့်လွှတ် သို့မဟုတ် ရုတ်သိမ်းလိုက်ပါကလည်းကောင်း၊ တရားရုံးသည် ယင်းစွဲဆိုချက် သို့မဟုတ် ခုခံချက်မှာ မဟုတ်မမှန် သို့မဟုတ် အနှောင့်အယှက် ဖြစ်စေသည်ဟု ယူဆရသည့် အကြောင်းများကို ရေးမှတ်၍ ကန့်ကွက်သူအား လျော်ကြေးစရိတ် (compensatory costs) ပေးဆောင်ရန် အမိန့် ချမှတ်နိုင်သည်
(၂) တရားရုံးသည် ငွေကျပ်ဆယ်သိန်း သို့မဟုတ် တရားရုံး၏ ငွေကြေးဆိုင်ရာ စီရင်ပိုင်ခွင့် အာဏာရှိသည့် ငွေပမာဏ၊ ထိုငွေနှစ်ရပ်အနက် နည်းရာငွေထက်ပို၍ ပေးလျော်စေရန် အမိန့်မျိုး ချမှတ်ခြင်း မပြုရ။ ((ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ပြင်ဆင်ထားသည်။)
xxxxxxxxxxxxxxxxxxx ။
xxxxxxxxxxxxxxxxxxx ။
သို့ရာတွင် တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားရုံးအမျိုးအစား တစ်ရပ်ရပ်က ဤပုဒ်မအရ တရားစရိတ်ငွေအဖြစ် သတ်မှတ်ပိုင်ခွင့်ရှိသော ငွေပမာဏကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကန့်သတ် နိုင်သည်။ ((ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ပြင်ဆင်ထားသည်။)
(၃) ဤပုဒ်မအရ အမိန့်ချမှတ်ခြင်းခံရသူသည် ယင်းသို့ချမှတ်ခံရခြင်းကြောင့် မိမိ ပြုလုပ်ခဲ့သော စွဲဆိုချက် သို့မဟုတ် ခုခံချေပချက်နှင့် စပ်လျဉ်း၍ ပြစ်မှုကြောင်းအရ တာဝန်တစ်ရပ်ရပ် ရှိခြင်းမှ ကင်းလွတ်ခြင်း မရှိစေရ။
(၄) မဟုတ်မမှန်သော သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသော စွဲဆိုချက် သို့မဟုတ် ခုခံချေပချက်နှင့် စပ်လျဉ်း၍ ဤပုဒ်မအရ ချမှတ်ပေးခဲ့သော လျော်ကြေးငွေပမာဏကို ယင်းစွဲဆိုချက် သို့မဟုတ် ခုခံချေပချက်နှင့် စပ်လျဉ်း၍ နစ်နာကြေး သို့မဟုတ် လျော်ကြေးရလိုကြောင်း စွဲဆိုသည့် နောက်တရားမမှုတွင် ထည့်သွင်းစဉ်းစားရမည်။