ပုဒ်မ ၁၃၀
ပုဒ်မ ၁၃၀
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
(က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူ့လွှတ်တော် အစည်းအဝေး တစ်ရပ်တွင် ပြည်သူ့လွှတ်တော်၏ခွင့်ပြုချက်မရဘဲအစည်းအဝေးတက်ရောက်ရန် အနည်းဆုံးရက်ပေါင်း ၁၅ ရက်တစ်ဆက်တည်း ပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ထိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၏နေရာ လစ်လပ်သည်ဟု ပြည်သူ့လွှတ်တော်က ကြေညာနိုင်သည်။ ပြည်သူ့လွှတ်တော်က အစည်းအဝေး တက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေး ရွှေ့ဆိုင်းထားသည့်ကာလကို ထည့်သွင်းရေတွက်ခြင်းမပြုရ၊ (ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်တွင် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေး တက်ရောက်ရန် ရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်းပျက်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကထံမှ အကြောင်းကြားချက် ရရှိလျှင် ပြည်သူ့လွှတ်တော်က ယင်းလွှတ်တော် ကိုယ်စားလှယ်အား သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အရေးယူရမည်။
ပြစ်ဒဏ်
-