ပုဒ်မ ၇၇
ပုဒ်မ ၇၇
ဝရမ်းများ အတည်ပြုပေးရန် မည်သူ့ကို ညွှန်ကြားနိုင်ခြင်း

(၁) ဖမ်းဝရမ်းအရ ဆောင်ရွက်ရန် သာမန်အားဖြင့် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ရဲအရာရှိများအား ညွှန်ကြားရမည်။ သို့သော် ယင်းဖမ်းဝရမ်းထုတ်ဆင့်သည့် တရားရုံး သည် မိမိဝရမ်းကို ချက်ချင်းအတည်ပြုရန်လိုပြီး မည်သည့် ရဲအရာရှိမျှ ရုတ်တရက် မရရှိနိုင်လျှင် အခြားမည်သူကိုမဆိုအတည်ပြုပေးရန် ညွှန်ကြားနိုင်သည်။ ထိုသို့ ညွှန်ကြား ခံရသူ သို့မဟုတ် ညွှန်ကြားခံရသူ များသည် အဆိုပါဖမ်းဝရမ်းကို အတည်ပြုပေးရမည်။

ဝရမ်းများ အတည်ပြုပေးရန် တစ်ဦးထက်ပိုသောသူများအား ညွှန်ကြားခြင်း

(၂) ဖမ်းဝရမ်းကို တစ်ဦးထက်ပိုသော အရာရှိများ သို့မဟုတ် လူများကအတည်ပြုပေးရန် ညွှန်ကြားလျှင် အဆိုပါဝရမ်းကို ထိုသူအားလုံးကဖြစ်စေ၊ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ တစ်ဦးထက်ပိုသော သူများကဖြစ်စေ အတည်ပြုပေးနိုင်သည်။