ပုဒ်မ ၁၅၇
ပုဒ်မ ၁၅၇
ဖြစ်ရပ်တစ်ခုနှင့်စပ်လျဉ်း၍သက်သေခံချက်ကိုထောက်ခံရန် အလို့ငှာ သက်သေ၏ယခင်ထွက်ဆို ချက်များကိုသက်သေထင်ရှားတင်ပြခြင်း

သက်သေတစ်ဦး၏သက်သေခံချက်ကိုထောက်ခံရန်အလို့ငှာ ဖြစ်ပွားသည့်အချိန်တွင်ဖြစ်စေ၊ ဖြစ် ပွားသည့် အချိန်လောက်တွင်ဖြစ်စေ ဖြစ်ရပ်တစ်ခုတည်းနှင့် စပ်လျဉ်း၍ ထိုသက်သေ၏ယခင်ထွက်ဆို ချက် သို့မဟုတ် ထိုအကြောင်းခြင်းရာကို စုံစမ်းထောက်လှမ်းနိုင်ရန် ဥပဒေအရ အာဏာပိုင်တစ်ဦး၏ရှေ့တွင် ထွက်ဆိုခဲ့သည့် ထွက်ဆိုချက်ကို သက်သေထင်ရှားတင်ပြနိုင်သည်။