ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များသည် ကော်မရှင်က သတ်မှတ်ထားသည့်အတိုင်း အောက်ပါနည်းလမ်းများဖြင့် မဲဆွယ်စည်းရုံးနိုင်သည်-
(က) သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်သည့်နေရာနှင့်အချိန်တွင် စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊
(ခ) ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မီဒီယာများမှတစ်ဆင့် ဟောပြောစည်းရုံးခြင်း၊
(ဂ) သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရေးသားပုံနှိပ်ထုတ်ဝေစည်းရုံးခြင်း။