ပုဒ်မ ၅၀၈-က
ပုဒ်မ ၅၀၈-က
နိုင်ငံခြားကော်မရှင်စာများကို ဆောင်ရွက်ခြင်း

ပုဒ်မ ၅၀၃ ၏ ပုဒ်မခွဲ(၃) ပါ ပြဋ္ဌာန်းချက်များနှင့် ပုဒ်မ ၅၀၅ နှင့် ၅ဝ၇ တို့တွင် ကော်မရှင်စာကို လက်ခံရရှိသည့် ရာဇဝတ်ဘရားသူကြီးက ဆောင်ရွက်ပြီး ပြန်ပို့ခြင်းနှင့် စပ်ဆိုင်သမျှသော ပြဋ္ဌာန်းချက်များသည် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ဤကိစ္စအလို့ငှာ အမိန့်ကြော်ငြာစာဖြင့် သီးခြားဖော်ပြသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ပြင်ပရှိ နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် အရပ်ဒေသတစ်ခု၌ စီရင်ပိုင်ခွင့်အာဏာရှိပြီး အဆိုပါနိုင်ငံ၊ သို့မဟုတ် အရပ်ဒေသ၏ တည်ဆဲဥပဒေအရ ပုဒ်မ ၅ဝ၃၏ ပုဒ်မခွဲ(၁)၊ သို့မဟုတ် ပုဒ်မ ၅၀၆ အရ ကော်မရှင်စာများ ထုတ်ဆင့်သကဲ့သို့ ပြစ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်သေများကို စစ်မေးရန် ကော်မရှင်စာများ ထုတ်ပိုင်ခွင့်ရှိသော မည်သည့် တရားရုံး၊ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်ဘရားသူကြီးကမဆို `ထုတ်ဆင့်သော ကော်မရှင်စာများနှင့် သက်ဆိုင်စေရမည်။