ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ဖော်ပြသော ကိစ္စရပ်များအနက် ပြည်ထောင်စု လွှတ်တော်တွင်သာ ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီအမျိုးသား လွှတ်တော်တွင် ဥပဒေကြမ်းစတင်တင်သွင်းခွင့်ရှိသည်။