ပုဒ်မ ၁၂၀
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် -
(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊
(ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊
(ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။