ပုဒ်မ ၆
ပုဒ်မ ၆
အရပ်ရပ်ဆိုင်ရာရှင်းလင်းချက်များ
ဤရာဇသတ်ကြီး တစ်ရပ်လုံးတွင် ပြစ်မှု၏ အင်္ဂါအရပ်ရပ်ကိုလည်းကောင်း၊ ရာဇဝတ်ပြစ်ဒဏ် ပြဋ္ဌာန်းချက်အရပ်ရပ်ကိုလည်းကောင်း၊ ထိုအင်္ဂါအရပ်ရပ်ကိုဖြစ်စေ၊ ရာဇဝတ်ပြစ်ဒဏ် ပြဋ္ဌာန်းချက် အရပ်ရပ်ကိုဖြစ်စေ ရှင်းလင်းပြသည့် ဥပမာအရပ်ရပ်ကိုလည်းကောင်း အဓိပ္ပာယ်ကောက်ယူသည့် အခါတိုင်း “အရပ်ရပ်ဆိုင်ရာ ကင်းလွတ်ရမြဲအချက်များ” ဟူသော အခန်းပါ ကင်းလွတ်ချက်များကို အထောက်အထားပြု၍ အဓိပ္ပာယ်ကောက်ယူရမည်။ ဥပမာများ (က) ဤရာဇသတ်ကြီးတွင် ပြစ်မှုများ၏ အင်္ဂါရပ်များကိုဖော်ပြသည့် ပုဒ်မများ၌ အသက် ခုနစ်နှစ်အောက်ကလေးသည် ထိုပြစ်မှုများကို မကျူးလွန်နိုင်ကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း အသက်ခုနစ်နှစ်အောက် ကလေးပြုသောအရာသည် ပြစ်မှုမမြောက်စေရဟု ပြဋ္ဌာန်းသည့်အရပ်ရပ် ဆိုင်ရာ ကင်းလွတ်ရမြဲအချက်ကို အထောက်အထားပြု၍ ပြစ်မှု၏အင်္ဂါရပ်များကို အဓိပ္ပာယ်ကောက်ယူ ရမည်။ (ခ) လူသတ်မှုကျူးလွန်သူ Z ကို ရဲအရာထမ်း A က ဝရမ်းမပါဘဲ ဖမ်းဆီးရာတွင် A သည် မတရားချုပ်နှောင်ထားမှုကို ကျူးလွန်ရာမရောက်။ A သည် Z ကို ဥပဒေအရ ဖမ်းဆီးရန် တာဝန်ရှိသဖြင့် ထိုသို့ဖမ်းဆီးခြင်းသည် “ဥပဒေအရပြုရန် တာဝန်ရှိသူပြုသောအရာသည် ပြစ်မှုမမြောက်” ဟု ပြဋ္ဌာန်းထားသော အရပ်ရပ်ဆိုင်ရာကင်းလွတ်ရမြဲအချက်၌ ကျရောက်သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ပြစ်ဒဏ်
-