စာချုပ်စာတမ်းတစ်ခုကို ချုပ်ဆိုသည့်အချိန်နှင့် တစ်ချိန်တည်းတွင် ယင်းစာချုပ်စာတမ်းပါစည်း ကမ်းချက်များကို ပြောင်းလဲပြင်ဆင်သဘောတူညီချက်ထားရှိခဲ့ကြကြောင်း ပေါ်လွင်စေမည့်အကြောင်း ခြင်းရာများကို အဆိုပါစာချုပ်အားချုပ်ရာတွင် မပါဝင်သူများကသော်လည်းကောင်း၊ စာချုပ် ချုပ်ဆို သူ၏အကျိုးဆက်ခံသည့် ကိုယ်စားလှယ်မဟုတ်သူများကသော်လည်းကောင်း သက်သေခံတင်ပြနိုင်သည်။
ဥပမာ
A နှင့် B စာဖြင့်ရေး၍ ပဋိညာဉ်ပြုလုပ်ရာ B က A သို့ ဝါဂွမ်းရောင်းချရန်နှင့် ဝါဂွမ်းပေးအပ်သည့် အချိန်၌ အဖိုးငွေကိုပေးချေရန် ဖြစ်သည်။ ထိုသို့ ပဋိညာဉ်ချုပ်ဆိုသည်နှင့် တစ်ချိန်တည်းမှာပင် ဝါဂွမ်းဖိုးငွေကို A ကသုံးလကြာမှပေးချေရန် နှုတ်ဖြင့်သဘောတူညီချက်ထားရှိကြသည်။ ဤသို့နှုတ်ဖြင့် သဘောတူညီချက်ရှိကြောင်းကို A နှင့် B တို့အချင်းချင်းသက်သေတင်ပြနိုင်ခွင့် မရှိသော်လည်း C ကထိုသဘောတူညီ ချက်ကြောင့် မိမိ၏အကျိုးစီးပွားကို ထိခိုက်မည်ဆိုလျှင်သက်သေခံတင်ပြနိုင်သည်။