သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် မဆန့်ကျင်စေဘဲ (subject to such conditions and limitations as may be prescribed) တရားရုံးသည် (Court) အောက်ပါ ကိစ္စတစ်ရပ်ရပ် အလို့ငှာ ကော်မရှင်ခန့်စာ (commission) ထုတ်ပေးနိုင်သည် -
မှတ်စု။ ကော်မရှင်ခန့်စာ( commission) ဆိုသည်မှာ တရားရုံးသို့ မလာရောက်နိုင်သည့် သက်သေတစ်ဦးတစ်ယောက်အား အမှုစစ်တရားရုံးကိုယ်စား စစ်ဆေးပေးရန် အမှုစစ်တရားရုံး က အခြားတရားရုံးတစ်ရုံး သို့မဟုတ် အပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား စစ်ဆေးဆောင်ရွက်ရန် အခွင့်အာဏာလွှဲအပ်သည့် အမိန့် ဖြစ်သည်။( ဦးကျော်အေး၊တရားမကျင့်ထုံးဥပဒေ၊ စာ-၄၅၆)