ထိုနောက် တရားခံ၊ သို့မဟုတ် ၎င်း၏ရှေ့နေက ၎င်းအားကိုးအားထား ပြုမည့် အကြောင်းအချက်များ၊ သို့မဟုတ် ဥပဒေကိုဖော်ပြလျက် မိမိလိုအပ်မည်ဟု ယူဆသော တရားလိုဘက်က တင်ပြသည့် သက်သေခံချက်အပေါ် ဝေဖန်သုံးသပ်ပြီး မိမိအမ္ဘကိုစတင်ဆောင် ရွက်နိုင်သည်။ ထိုသို့ ဆောင်ရွက်ပြီးသောအခါ တရားခံက သက်သေခံချက် ပေးလိုပါက မိမိအတွက် ကိုယ်တိုင်သက်သေအဖြစ် သက်သေခံရမည်။ ထိုပြင် တရားခံ၏စစ်မေးချက်၊ ပြန်လှန် စစ်မေးချက်နှင့် ထပ်မံစစ်မေးချက်(ရှိခဲ့လျှင်) ပြီးဆုံးသောအခါ တရားခံက ၎င်း၏သက်သေများ (ရှိခဲ့လျှင်)အား စစ်မေးရမည်။ ထို့ပြင် သက်သေများ၏ ပြန်လှန်စစ်မေးချက်နှင့် ထပ်မံ စစ်မေးချက် (ရှိခဲ့လျှင်) ပြီးဆုံးသောအခါ တရားခံက ၎င်း၏အမှုကို ပေါင်းချုပ်ဖော်ပြနိုင်သည်။