(၁) လွှဲအပ်တင်ပို ့သည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် ၎င်းရာဇဝတ် တရားသူကြီး မရှိခဲ့လျှင် ပုဒ်မ ၂၀၆ အရ အာဏာအပ်နှင်းခြင်းခံရသည့် အခြားရာဇဝတ် တရားသူကြီးတစ်ဦးဦးက သင့်သည်ထင်မြင်လျှင် အမှုကိုလွှဲအပ်တင်ပို့ ပြီးနောက် စတင်စစ်ဆေး စီရင်ခြင်းမပြုမီ နောက်ထပ်တင်ပြသည့် သက်သေများကို သမ္မန်စာဖြင့် ဆင့်ခေါ်စစ်ဆေး ခွင့်ရသည့်အပြင် ၎င်းတို့လာရောက်သက်သေခံစေခြင်းငှာ အထက်ပြဋ္ဌာန်းပါရှိသည့် နည်းလမ်း အတိုင်း ခံဝန်ချုပ်ကို ချုပ်ဆိုစေရန်လည်း ပြုလုပ်ခွင့်ရှိသည်။
(၂) ထိုကဲ့သို့ စစ်ဆေးစီရင်သည့်အခါ တရားခံရှေ့ စစ်ဆေးစီရင်နိုင်လျှင် ၎င်းရှေ့၌ စစ်ဆေးရမည်။ ထို့ပြင် စစ်ဆေးသည့် သက်သေများ၏ ထွက်ဆိုချက် မိတ္တူတစ်စောင် ကို အခမဲ့ ၎င်းတရားခံသို့ ပေးအပ်ရမည်။