သူ၏မိခင်နှင့်ယောက်ျားတစ်ဦးတို့ တရားဝင် လက်ထပ်ပေါင်းသင်းနေစဉ်ကာလအတွင်းလူတစ်ဦး တစ်ယောက်ကိုမွေးဖွားလျှင် သို့မဟုတ် လက်ထပ်ပေါင်းသင်းခြင်းကိုရပ်စဲပြီးသည့်နောက်၊ မိခင်နောက် အိမ်ထောင်မပြုဘဲနေခဲ့သော် ရက်ပေါင်း ၂၈၀ အတွင်းမွေးဖွားလျှင်ထိုသူမှာ ယောက်ျားတစ်ဦး၏ တရား ဝင်ကလေးဖြစ်ကြောင်းထင်ရှားစေသည့် အပြီးသတ် သက်သေခံချက်ဖြစ်ရမည်။
သို့ရာတွင်ထိုသူပဋိသန္ဓေ တည်နိုင်လောက်သည့်မည်သည့်အခါ ကာလအတွင်းမဆို အဆိုပါလက်ထပ် ပေါင်းသင်းခြင်းပြုကြသူတို့ တစ်ဦးနှင့်တစ်ဦးဆက်ဆံခွင့် မရှိခဲ့ကြောင်းတင်ပြနိုင်လျှင် အပြီးသတ် သက်သေခံချက်မဟုတ်ချေ။