ပုဒ်မ ၁၉၃
ပုဒ်မ ၁၉၃
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်း

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်၊

(ခ) ပုဒ်မခွဲ (က) ပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ သို့မဟုတ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှရရှိသည့် ဘဏ္ဍာငွေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို သက်ဆိုင်ရာ ဝန်ကြီးချုပ်၏ထောက်ခံတင်ပြချက်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က လိုအပ်သလိုဆွေးနွေး၍ သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်။

ယင်းသို့ဆောင်ရွက်ရာတွင်-

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်း များ၏ အသုံးစရိတ်များ၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ စီရင်စုဦးစီးအဖွဲ့ အကြီး အမှူးများနှင့် အဖွဲ့အစည်းဝင်များ၏လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊

(၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများ နှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ချေးယူငွေများနှင့် ဆက်နွှယ်သောကုန် ကျ စရိတ်များ၊

(၄) တရားရုံး သို့မဟုတ် ခုံရုံးတစ်ခုခု၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊

(၅) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကျခံရမည့် အခြားအသုံးစရိတ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းမပြုရ။



ကျင့်ထုံး