ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထား သော စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ -
(က) တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်၊
(ခ) သမဝါယမအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင် ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်။