ပုဒ်မ ၁၁၀
ပြည်သူ့လွှတ်တော် သဘာပတိ တင်မြှောက်ခြင်း
(က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ရပ်၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်အခါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား သဘာပတိအဖြစ် တင်မြှောက်ရ မည်၊
(ခ) သဘာပတိသည် ပြည်သူ့လွှတ်တော် ရှေ့မှောက်တွင် ကတိသစ္စာပြုရမည်၊
(ဂ) သဘာပတိသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက် ပြီးသည်အထိ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမည်။
Related Law