ပုဒ်မ ၂၈၈
ပုဒ်မ ၂၈၈
ပဏာမစုံစမ်းစစ်ဆေးမှုတွင် ပေးခဲ့သည့် သက်သေခံချက် သက်သေခံဝင်ခြင်း

အခန်း ၁၈ အရ တရားခံရှေ့ မှောက်တွင် နည်းလမ်းတကျ ရယူခဲ့သော သက်သေ တစ်ဦးတစ်ယောက်၏ သက်သေခံချက်ကို ထိုသက်သေအားတင်ပြပြီး စစ်မေးခဲ့လျှင် သက်သေခံ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ရုံးထိုင်တရားသူကြီး၏ သဘောအတိုင်း အမှုတွင် သက်သေခံချက်အဖြစ် အသုံးပြုနိုင်သည်။