ပုဒ်မ ၃၀၆
ပုဒ်မ ၃၀၆
စက်ရှင်တရားရုံး၏ ဆုံးဖြတ်ချက် မည်သည့်အခါ အရေးသာခြင်း

(၁) စက်ရှင်တရားရုံး၌ စစ်ဆေးစီရင်သောအမှုတစ်မှုတွင် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်၊ သို့မဟုတ် ဂျူရီလူကြီးများရာ၏ ဆုံးဖြတ်ချက်ကို တရားသူကြီးကသဘောမတူကြောင်း ဖော်ပြရန်လိုအပ်မည်ဟု မထင်လျှင် ဂျူရီလူကြီးများ၏ဆုံးဖြတ်ချက်အတိုင်း တရားသူကြီးက စီရင်ချက် ချမှတ်ရမည်။

(၂) တရားခံကို အမှုမှ အပြီးအပြတ်လွှတ်လျှင် တရားသူကြီးက အပြီးအပြတ် လွှတ်သည့် စီရင်ချက်ကို ရေးသားရမည်။ တရားခံကို ပြစ်မှုထင်ရှားစီရင်သော် ပုဒ်မ ၅၆၂ ပါ ပြဋ္ဌာန်းချက်များအတိုင်း တရားသူကြီးကလိုက်နာဆောင်ရွက်ခြင်းမပြုလျှင် ဥပဒေနှင့်အညီ တရားခံ အပေါ် ပြစ်ဒဏ်သတ်မှတ်ရမည်။