ပုဒ်မ ၃၄၆
ပုဒ်မ ၃၄၆
မိမိစစ်ဆေးစီရင်ခြင်း မပြုနိုင်သော အမှုများတွင် ရာဇဝတ်တရားသူကြီးက လိုက်နာကျင့်သုံး

(၁) မည်သည့် ခရိုင်တွင်မဆို ရာဇဝတ်တရားသူကြီးတစ်ဦး၏ ရှေ့မှောက်၌ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှုတစ်ရပ် ပြုလုပ်နေစဉ်အတွင်း သက်သေခံချက်များ အရ အဆိုပါအမှုကို အဆိုပါခရိုင်အတွင်းရှိ အခြားရာဇဝတ်တရားသူကြီးတစ်ဦးဦးက စစ်ဆေး စီရင်ခြင်း၊ သို့မဟုတ် စစ်ဆေးစီရင်ရန် လွှဲအပ်တင်ပို့ခြင်း ပြုလုပ်သင့်သည်ဟု ထင်မြင်လျှင် စစ်ဆေးစီရင်မှုကို ဆိုင်းငံ့၍ အမှုသဘောရှင်းလင်းဖော်ပြသည့် အစီရင်ခံစာအကျဉ်းချုပ်နှင့် မိမိအထက် အဆင့်မြင့် ရာဇဝတ်တရားသူကြီးထံ၊ သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီးက ညွှန်ကြားသော စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိသည့် အခြားရာဇဝတ်တရားသူကြီးထံသို့ အမှုတွဲ တင်ပို့ရမည်။

(၂) တင်ပို့လိုက်သော အမှုတွဲကို လက်ခံရရှိသည့် ရာဇဝတ်တရားသူကြီးက စီရင်ပိုင်ခွင့်အာဏာရှိလျှင် မိမိကိုယ်တိုင် ထိုအမှုကို စစ်ဆေးစီရင်နိုင်သည်၊ သို့မဟုတ် မိမိလက်အောက်ရှိ စီရင်ပိုင်ခွင့်အာဏာရှိသော ရာဇဝတ်တရားသူကြီးတစ်ဦးဦးထံ လွှဲပြောင်းပေးပို့ နိုင်သည်၊ သို့မဟုတ် စစ်ဆေးစီရင်ရန်အတွက် တရားခံကို လွှဲအပ်တင်ပို့နိုင်သည်။